အချစ်ဦး
ဘယ်လိုခွန်အားမျိုးနဲ့ 
တွန်းလှန်ချေဖျက်ရမှာတဲ့လဲ
မင်းအမုန်းများအောက်မှာ
ငါနှလုံးသားကပိပိပြားပြား
တစ်ခါကချစ်တဲ့…ချစ်ခဲ့သူ
မင်းအမုန်းတွေကလတ်ဆတ်ဆဲ
တွန်းလှန်ဖို့ကြိုးစားရင်းနဲ့
ကျရှုံးခဲ့ရတဲ့ငါ့အချစ်တွေအတွက်
ပြန်ပေးဆပ်ရမဲ့တန်ဖိုးက
ကြီးလေးချင်ကြီးလေးလိမ့်မယ်
တစ်ခါကချစ်ခဲ့…ချစ်တဲ့သူ
မင်းရနံတွေကမွှေးမြဆဲ
စကားလုံးတစ်လုံးနဲ့
ကျောခိုင်းထွက်သွားတာ
လုံလောက်လေပြီများ
မင်းတွေးထင်ရက်လေသလား
တစ်ခါကချစ်ဖူး…ချစ်ဦးသူ
မင်းအနမ်းတွေကိုတမ်းတဆဲ
ရယ်မောဟားတိုက်
ပြုံးပျော်နေနိုင်ရက်တဲ့သူ
ကျန်ခဲ့သူဒီရင်ခွင်ကို…….
မင်း……………..
နားလည်သင့်ပါရဲ့ 
(သက်တံ့ရောင်)
No comments:
Post a Comment